back

Dimensity 8350 Ultra သုံး realme ရဲ့ ပထမဆုံး Ultra ဖုန်း

Mar 20 • 4:13 AM

breaking-news

မြန်မာ

ပြည်ပ

cover

Dimensity 8350 Ultra သုံး realme ရဲ့ ပထမဆုံး Ultra ဖုန်း

အကြမ်းခံမှု မြင့်ပြီး ဒီဇိုင်းခန့်တဲ့ အလတ်တန်းစား realme P3 Ultra ထွက်လာပါတယ်။ Glowing Lunar White မော်ဒယ်မှာ ဒီအရောင်ပြောင်းနည်းပညာ ပါပါတယ်။ လပေါ်က မြေကြီးလို ...

အကြမ်းခံမှု မြင့်ပြီး ဒီဇိုင်းခန့်တဲ့ အလတ်တန်းစား realme P3 Ultra ထွက်လာပါတယ်။ Glowing Lunar White မော်ဒယ်မှာ ဒီအရောင်ပြောင်းနည်းပညာ ပါပါတယ်။ လပေါ်က မြေကြီးလို texture နဲ့ တလက်လက်တောက်တဲ့အမှုန်လေးတွေကို micro-sculpting နည်းပညာနဲ့ ဖန်တီးထားတာပါ။ vegan leather နဲ့ ကြိုက်ရင် Neptune Blue နဲ့ Orion Red ဗားရှင်း နှစ်မျိုး ထွက်ပါတယ်။ realme P3 Ultra က IP66 , IP68 နဲ့ IP69 တွေ ပါပြီး Hi-Res Audio ထောက်ခံချက်ပါတဲ့ စတီရီယို စပီကာတွေ သုံးထားတာပါ။ screen size ၆.၈၃ လက်မ မှန်ခုံး FHD+ AMOLED သုံးထားပြီး 120Hz refresh rate ၊ 1500 nit brightness နဲ့ Gorilla Glass 7i မှန်ပါပါတယ်။ ရှေ့ဘက် 16MP selfie သုံးပြီး မှန်အောက်မှာ လက်ဗွေ sensor ထည့်ပါတယ်။ ကျောဘက်မှာ 24mm နဲ့ ညီတဲ့ OIS ပါ 50MP main sensor နဲ့ 16mm နဲ့ ညီတဲ့ 8MP Ultrawide lens ကို သုံးပါတယ် realme P3 Ultra ကို Ultra ဗားရှင်း Dimensity 8350 chipset နဲ့ မောင်းထားပြီး RAM 8/12GB ၊ storage 128/256GB တွေနဲ့ လာပါတယ်။ ဘက်ထရီပါဝါ 6000mAh သုံးပြီး 80W charging နဲ့ တွဲပေးထားတာပါ။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 15 ကို အခြေခံထားတဲ့ realme UI 6.0 နဲ့ ထွက်ထားပြီး Android update ၂ နှစ် security patch ၃ နှစ် ပေးမယ်လို့ ဆိုပါတယ်။



news-view-count-icon

14