လက်ရှိ၂၀၂၅မတ်လထိတနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ ကုန်တင်ကားတွေကို ကျေးရွာတွေဘက် ကုန်သယ်ခွင့်မပေးတော့ဘဲ ဖြတ်တောက်ထားတာကြောင့် ကုန်ပစ္စည်းဝယ်မရဘဲ ပြတ်လပ်နေတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။"ဒီဘက်ကို ကုန်တွေဖြတ်လိုက်ပြီ။၊ဘယ်ကား၊ ဘယ်ပစ္စည်းမှ တင်ခွင့်မပေးဘဲ ဖြတ်တောက်ထားတာ တစ်ပတ်ကျော်ကြာပြီ။ ပစ္စည်းဝင်ပေါက် မရှိတော့ဘူး။ ပစ္စည်းတင်ခွင့် မရတာ နည်းနည်းကြာပြီဆိုတေ့ အဓိက စားသောက်ကုန်တွေ တော်တော်များများပြတ်နေတယ်၊ အချိန်ကြာလာရင်တော့ ဆိုင်ပိတ်မှရတော့မယ်ဟုဒေသခံတစ်ဦးကဆိုပါတယ်။
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာကားများကို ကုန်တင်ခွင့်ပိတ်ထားသဖြင့် တနင်္သာရီ ကျေးရွာများတွင် ကုန်ပစ္စည်းပြတ်လပ်နေ
Mar 20 • 4:06 AM
မြန်မာ
တနင်္သာရီ
မျှဝေမည်
| 11 | 0 | 0 | 0 |


