back

တောင်ကြီးနှင့် ရပ်စောက်တွင် လိုင်စင်မဲ့ကားများ စီမံချက်ဖြင့် ဖမ်းဆီးရန်ညွှန်ကြားထား

Mar 20 • 4:03 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

တောင်ကြီးနှင့် ရပ်စောက်တွင် လိုင်စင်မဲ့ကားများ စီမံချက်ဖြင့် ဖမ်းဆီးရန်ညွှန်ကြားထား

ရှမ်းပြည်၊ တောင်ကြီးခရိုင်နှင့်ရပ်စောက်မြို့များအတွင်း လိုင်စင်မဲ့ယာဥ်များအား အဖွဲ့စုံဖြင့် ဖမ်းဆီးပြီး ဥပဒေအရထိရောက်ပြစ်ဒဏ်ပေးရေး လျှို့ဝှက်ညွှန်ကြားချက်စာတစ်စ...

ရှမ်းပြည်၊ တောင်ကြီးခရိုင်နှင့်ရပ်စောက်မြို့များအတွင်း လိုင်စင်မဲ့ယာဥ်များအား အဖွဲ့စုံဖြင့် ဖမ်းဆီးပြီး ဥပဒေအရထိရောက်ပြစ်ဒဏ်ပေးရေး လျှို့ဝှက်ညွှန်ကြားချက်စာတစ်စောင်ကို စတောင်ကြီးခရိုင် ထွေအုပ်မှူးမှ ထုတ်ပြန်ထားကြောင်း TGI Support Revolution ထံမှ သိရပါတယ်။ပုံမှန်မဟုတ်ဘဲ နေရာစုံစစ်ဆေးဖမ်းဆီးမည့်အပြင် လိုင်စင်မဲ့ကား အရောင်းအဝယ်လုပ်သူများ၏ နေအိမ်၊ ဝပ်ရှော့နှင့် ကားရေဆေးခုံများကိုပါ ရပ်ကျေးများဖြင့် ရှာဖွေဖမ်းဆီးရန်ပါရှိပြီး တပါတည်း အမှုဖွင့်အရေးယူရန် အဖွဲ့ကိုပါ ဖွဲ့စည်းလုပ်ဆောင်မည် ဖြစ်ကြောင်း ညွှန်ကြားထားပါတယ်။လက်ရှိတွင် တောင်ကြီးခရိုင်အတွင်း လိုင်စင်မဲ့ကားစီးရေ ၅၀၀ ကျော် ဖမ်းဆီးရမိထားပြီး ယင်းအထဲမှ အမြင့်ကားများကို ဌာနဆိုင်ရာများသို့ ထုတ်ပေးရန် စီစဥ်နေခြင်းဖြစ်ပါတယ်။



news-view-count-icon

28