ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်း ဆက်သွယ်ထားတဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ရေနံ့သာ စစ်ဆေးရေးဂိတ်ကို မတ်လ၁၇ ရက် မနက်ပိုင်းကစပြီး မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာခွင့်ကို ယခုချိန်ထိ ပိတ်ပင်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ကုန်စိမ်းကားတွေ လှည့်ပြန်တာ တွေ့ရတယ်။ ဆန်အိတ်တွေနဲ့ တခြားကုန်တွေ တင်ထားတဲ့ ကားတချို့က တန်းစီစောင့်နေတယ်။ ဂိတ်ဘယ်တော့ဖွင့်မလဲတော့ မသိသေးပါဘူး” လို့ကုန်သည်တစ်ဦးထံမှသိရပါတယ်။



