တိုနီ ခရူးစ်ဟာ ဘောလုံးကစားသမားတွေရဲ့ ဂျာမန် အေဂျင်စီ Sports 360 ရဲ့ ရှယ်ယာရှင်အသစ်ဖြစ်လာပါတယ်။ အဲဒီအေဂျင်စီက သူ့ရဲ့ ကစားသမားဘဝတလျှောက်လုံး ကိုယ်စားပြုခဲ့တာပါ။"Sports 360 မှာ တိုနီ ခရူးစ် ရှယ်ယာရှင်ဖြစ်လာတာက အရေးပါတဲ့ ခြေလှမ်းတခုဖြစ်ပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံဟာ အေဂျင်စီရဲ့ အထွေထွေ ဒါရိုက်တာတွေနဲ့ သဘောတူညီချက် ရရှိခဲ့ပါတယ်" လို့ အေဂျင်စီက ကြေညာခဲ့ပြီး ဘောလုံးအေးဂျင့် ဗိုလ်ကာ စထရု့သ်က "သူ့ရဲ့ကစားသမားဘဝအပြီးမှာတောင် နီးနီးကပ်ကပ် ဆက်သွယ်နေရတာက အထူးခြားဆုံးပါပဲ" လို့ မှတ်ချက်ပေးခဲ့ပါတယ်။
Mar 20 • 4:09 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 13 | 0 | 0 | 0 |


