ယနေ့ ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူ ( ၂၂ )နိုင်ငံတကာခြေစမ်းပွဲစဉ်မှာ မြန်မာယူ ( ၂၂ ) အသင်းနှင့် ဟောင်ကောင်ယူ ( ၂၂ ) အသင်းတို့ ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ကာ ပွဲပြီးဆုံးခဲ့ပါသည်။မြန်မာယူ ( ၂၂ ) အသင်းမှာ မြန်မာလိဂ်ဝမ်းမှ အတွေ့အကြုံရှိ လူငယ်ကစားသမားများနှင့် မျက်နှာသစ်ကစားသမားများ ပါဝင်လာပြီး ဟောင်ကောင်ယူ ( ၂၂ ) အသင်းကို ခက်ခက်ခဲခဲကစားခဲ့ရတာကို တွေ့ရှိခဲ့ရပါသည်။မြန်မာယူ ( ၂၂ ) အသင်းသည် ဟောင်ကောင်ယူ ( ၂၂ ) အသင်းနှင့် ခြေစမ်းပွဲ ( ၂ ) ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး မတ်လ ( ၂၁ ) ရက်နေ့မှာကစားမယ့်ဒုတိယမြောက်ခြေစမ်းပွဲစဉ်ကိုတော့ ကွင်းပိတ် ယှဉ်ပြိုင်ကစားသွားမှာဖြစ်ကြောင်း သိရှိရပါသည်။



