ဖျာပုံမြို့နယ်တွင် ခရိုင်အဆင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့လှုပ်ရှားမှုပြိုင်ပွဲကို ဖျာပုံမြို့ အထက-၁ ၌ ကျင်းပခဲ့သည်။ ခရိုင်အုပ်ချုပ်ရေးမှူးက ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပထမဆုရ ပိတောက်အဖွဲ့၊ ဒုတိယဆုရ ချယ်ရီအဖွဲ့၊ တတိယဆုရ ငုဝါအဖွဲ့နှင့် အထူးဆုရ ရှင်မတောင်အဖွဲ့တို့ကို ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။



