back

တာချီလိတ်မြို့ရှိ ကိုးမြို့ရှင် နတ်နန်းအတွင်းမှ သစ်ပင်သစ်ကိုင်း ကျိုးကျမှုကြောင့် ထိခိုက်သူရှိသော်လည်း မစိုးရိမ်ရ

Mar 20 • 1:45 AM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်မြို့ရှိ ကိုးမြို့ရှင် နတ်နန်းအတွင်းမှ သစ်ပင်သစ်ကိုင်း ကျိုးကျမှုကြောင့် ထိခိုက်သူရှိသော်လည်း မစိုးရိမ်ရ

ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၁၉)ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ညပိုင်းက မိုးရွာသွန်းထားမှုကြောင့် မကာဟိုခမ်းရပ်ကွက်ရှိ ကိုးမြို့ရှင်နတ်...

ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၁၉)ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ညပိုင်းက မိုးရွာသွန်းထားမှုကြောင့် မကာဟိုခမ်းရပ်ကွက်ရှိ ကိုးမြို့ရှင်နတ်နန်း ( အဘကိုးမြို့ရှင် (ပင်မ) ဗိမာန်တော်ကြီး)အတွင်းရှိ သစ်ပင်မှ သစ်ကိုင်းကျိုးကျမှုကြောင့် လူ(၃)ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။သစ်ကိုင်းကျိုးကျမှုကြောင့် အသက်(၅၀)ကျော် ဒေါ်ပါနွန်းဆိုသူမှာ ထိခိုက်မိကာ ခေတ္တ သတိလစ်သွားခဲ့ကြောင်းနှင့် အမျိုးသမီးနောက်ထပ် တစ်ဦးနှင့် ကလေးငယ်တစ်ဦးလည်း ပွန်းပဲ့ဒဏ်ရာ အနည်းငယ်ရရှိသည်ဟု သိရသည်။



news-view-count-icon

16