back

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ဘုရားကျောင်းရွာတွင် နွေစပါး ၁၀၀ ဧက စံပြကွက် ရိတ်သိမ်းပွဲ ကျင်းပ

Mar 20 • 1:35 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ဘုရားကျောင်းရွာတွင် နွေစပါး ၁၀၀ ဧက စံပြကွက် ရိတ်သိမ်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ဘုရားကျောင်းရွာရှိ တောင်သူ ဦးကျော်ဝင်းနိုင်၏ လယ်မြေဧက ၁၀၀ တွင် စိုက်ပျိုးထားသော နွေစပါး စံပြကွက် ရိတ်သိမ်းပွဲကို ယမန်နေ့နံန...

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ဘုရားကျောင်းရွာရှိ တောင်သူ ဦးကျော်ဝင်းနိုင်၏ လယ်မြေဧက ၁၀၀ တွင် စိုက်ပျိုးထားသော နွေစပါး စံပြကွက် ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။ ရိတ်သိမ်းပွဲတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးတင့်နိုင်က နွေစပါးစိုက်ပျိုးခြင်းဖြင့် တောင်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားလာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လိုအပ်သော နည်းပညာများ ပံ့ပိုးကူညီပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စံပြကွက်ရိတ်သိမ်းနေမှုနှင့် ခေတ်မီရိတ်သိမ်းခြွေလှေ့စက်ဖြင့် နွေစပါးရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးခဲ့သည်။ သန်လျင်မြို့နယ် ဘုရားကျောင်းရွာ နွေစပါး ၁၀၀ ဧက ရိတ်သိမ်းမှုတွင် တစ်ဧကလျှင် (အခြောက်တင်း) ၁၂၄ ဒသမ ၃၃ တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


news-view-count-icon

15