ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွေးနဒီခန်းမ၌ မတ် ၁၉ ရက်နေ့က မြန်မာ့ယဉ်ကျေးမှုဓလေ့ မြန်မာ့သနပ်ခါး အလှမယ်ပြိုင်ပွဲ အခမ်းအနားကျင်းပခဲ့သည်။ လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး လပွတ္တာခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌက မြန်မာမှု မြန်မာ့ဟန် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုတွင် မြန်မာသနပ်ခါး၏ အရေးပါပုံနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်စီက မြန်မာ့သနပ်ခါးယဉ်ကျေးမှုကို ကမ္ဘာကသိအောင် ဆောင်ရွက်နေမှုများနှင့် မြန်မာ့သနပ်ခါးအသုံးဝင်ပုံအကြောင်း ဟောပြောခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်အမျိုးသမီးလေးများက သနပ်ခါးသွေး၍ လိမ်းခြယ်ခြင်း၊ ဝတ်စားဆင်ယင်မှု၊ ကိုယ်နေဟန်ထားနှင့် လမ်းလျှောက်မှုပုံစံများကို ဒိုင်များက အကဲဖြတ်အမှတ်ပေး၍ သနပ်ခါးအလှမယ် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုများ ချီးမြှင့်ခဲ့သည်။



