ပြန်ကြားရေးဝန်ကြီးဌာနကြီးမှူး၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) က စီစဉ်ကျင်းပမည့် "၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ" ဆွေးနွေးပွဲ တက်ရောက်ရန် နိုင်ငံတကာမှ ပထဝီစီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် လေ့လာသုံးသပ်သူများသည် ရန်ကုန်မြို့သို့ ရောက်ရှိလာကြသည်။ ညနေပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်လေ့လာကြသည်။ ဆွေးနွေးပွဲကို မတ် ၂၁ ရက်တွင် နေပြည်တော်ရှိ MICC-I ၌ ကျင်းပမည်ဖြစ်ပြီး တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ အီတလီ၊ နီပေါနိုင်ငံတို့မှ ပညာရှင်များနှင့် ပြည်တွင်းပညာရှင်များ ပါဝင်ဆွေးနွေးမည်ဖြစ်သည်။



