ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ရှိ MICC-1 တွင် ကျင်းပမည့် "၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ" ဆွေးနွေးပွဲ၏ ပြင်ဆင်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဖွင့်ပွဲအခမ်းအနား၊ အနုပညာတင်ဆက်မှု၊ မီးနှင့်အသံပိုင်းဆိုင်ရာပြင်ဆင်မှု၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးမှု၊ Video Clip ပြင်ဆင်မှု၊ Live Box များ ပြင်ဆင်မှုနှင့် အသေးစိတ်စီစဉ်ဆောင်ရွက်ထားရှိမှုကို စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။ ဆွေးနွေးပွဲသို့ နိုင်ငံတကာမှ ပထဝီနိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ လေ့လာသုံးသပ်သူများ၊ အသိပညာရှင်အတတ်ပညာရှင်များနှင့် ပြည်တွင်းမှ ပညာရှင်များ ပါဝင်ဆွေးနွေးမည်ဖြစ်သည်။ ဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။



