စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ ရောင်းချပေးခဲ့ကြောင်း သိရသည်။စားအုန်းဆီများအား Monday Global Network co;ltd မှ ကလေးမြို့ရှိ ဆီကိုယ်စားလှယ်များအတွက် ခွဲတမ်းရှိသော ဆီများဖြစ်ပြီး စားအုန်းဆီများရောင်းချပေးခြင်းကို ရွှေမြင့်မိုရ်ကုန်စုံဆိုင်၊ စိမ်းလန်းကုန်စုံဆိုင်နှင့် အောင်မြင့်မြတ်ဆီရောင်းဝယ်ရေးဆိုင်တို့တွင် အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ ၁ ပိဿာကို ဈေနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။



