back

ရန်ကုန်တွင် ကျပ် ၉၆ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးများ သယ်ဆောင်ရောင်းဝယ်သည့် ဂိုဏ်းအဖွဲ့ကို ထုတ်ပြန်

Mar 19 • 2:04 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တွင် ကျပ် ၉၆ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးများ သယ်ဆောင်ရောင်းဝယ်သည့် ဂိုဏ်းအဖွဲ့ကို ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးတွင် ကျပ် ၉၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တ မင်း) ၃ တန်ကျော်၊ ကတ်တမင်း ၂၀၀ ကီလိုနှင့်အတူ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်သည့် ဂိုဏ်းအ...

ရန်ကုန်တိုင်းဒေသကြီးတွင် ကျပ် ၉၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တ မင်း) ၃ တန်ကျော်၊ ကတ်တမင်း ၂၀၀ ကီလိုနှင့်အတူ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်သည့် ဂိုဏ်းအဖွဲ့ကို ဖမ်းဆီးရမိခဲ့‌ကြောင်းသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ထို့ပြင် ရန်ကုန်မြို့၌ မူးယစ်ဆေးဝါးများ လက်ခံပြီး မလေးရှားပင်လယ်ပြင်ကို တာဝန်ခံပို့ဆောင်သူ မင်းမင်းစိုး ကို ရှမ်း ပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌ ဖမ်းမိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။အဆိုပါ အမှုဖြစ်စဉ်နှင့် ပတ်သတ်ပြီး ဖမ်းမမိသေးသည့် စီးပွားရေးတာဝန်ခံ ရဲဝင်း(ခ)ကျော်စိုးလင်းနှင့် ၎င်း၏ ဇနီးတို့မှာ တန့်ယန်း၊ တောင်ကြီး၊ မန္တလေးနှင့် ရန်ကုန်မြို့တို့တွင် မော်တော်ယာဉ်ဂိတ်များ ဖွင့်ပြီး သူတို့ပိုင်သော ခရီးသည်တင် မှန်လုံယာဉ် ၁၆ စီးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေကြောင်း သိရသည့်အတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။


news-view-count-icon

29