နိုင်ငံတကာမိုးလေဝသသတင်းအချက်အလက်များကို နေ့စဉ်ဖော်ပြသည့် El Dorado Weather ၏ထုတ်ပြန်ချက်အရ မကွေးတိုင်းရှိ ချောက်မြို့ မှာ ကမ္ဘာ့အပူချိန် အမြင့်ဆုံးစာရင်း ဒုတိယနေရာ၌ သုံးရက်ဆက်တိုက်ရှိနေကြောင်းသိရသည်။ချောက်မြို့သည် ကမ္ဘာ့အပူချိန်အမြင့်ဆုံးစာရင်း နံပါတ်(၂) နေရာသို့ ယနေ့ (မတ် ၁၉ ရက်) တွင် ၄၄ ဒသမ ၃ ဒီဂရီ ဆဲလ်စီးယပ်၊ ယမန်နေ့ (မတ် ၁၈ ရက်)တွင်လည်းအပူချိန် ၄၄ ဒီဂရီဆဲလ်စီးယပ်၊မတ် ၁၇ ရက်တွင် ၄၄ ဒသမ ၃ ဒီဂရီ ဆဲလ်စီးယပ်တို့ဖြင့် ရောက်ရှိခဲ့ကြောင်း El Dorado Weather မှ ထုတ်ပြန်ထားသည်။



