အနာကြီးရောဂါဖြစ်ပွားသူ လူနာသစ်အရေအတွက်ဟာ သိသာထင်ရှားစွာ လျော့နည်းလာပေမယ့်လည်း ရောဂါ ကူးစက်မှုတွေ ရှိနေဆဲဖြစ်ပြီးအနာကြီးရောဂါလူနာသစ်တွေ ဆက်လက်တွေရှိနေတာကြောင့် ကြိုတင်ကာကွယ်မှုလုပ်ငန်းအနေနဲ့ Rifampicin (ရိုင်ဖန်ပီစင်) ဆေးတစ်ကြိမ် သောက်သုံးခြင်းဖြင့် အနာကြီးရောဂါ ကူးစက်ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်တယ်လို့ ဆိုပါသည်။ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စာရင်းတွေအရ အနာကြီးရောဂါလူနာသစ် ၁၃၃၈ ယောက်၊ ကိုယ်အင်္ဂါချို့ယွင်းမှုအဆင့်(၂) ရှိသူ လူနာသစ် ၂၀၇ ယောက်နဲ့ ကလေးလူနာသစ် ၃၈ ယောက်ကို ရှာဖွေဖော်ထုတ်ပြီး ဆေးဝါးကုသပေးနိုင်ခဲ့ တယ်လို့ သိရပါသည်။



