back

ချန်ပီယံလိဂ်ဖလားကို ရယူဖို့ မိမိတို့ရေပန်းအစားဆုံးလို့ ယာမဲလ်ပြော

Mar 19 • 5:40 AM

breaking-news

မြန်မာ

ပြည်ပ

cover

ချန်ပီယံလိဂ်ဖလားကို ရယူဖို့ မိမိတို့ရေပန်းအစားဆုံးလို့ ယာမဲလ်ပြော

ဘာစီလိုနာအသင်းကြယ်ပွင့် ယာမဲလ်က သူတို့ဟာ ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ရယူဖို့ ရေပန်းအစားဆုံးလို့ Sport နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။ ယာမဲလ်က “က...

ဘာစီလိုနာအသင်းကြယ်ပွင့် ယာမဲလ်က သူတို့ဟာ ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ရယူဖို့ ရေပန်းအစားဆုံးလို့ Sport နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။ ယာမဲလ်က “ကျနော်တို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရေပန်းအစားဆုံးပါ။ အုပ်စုအဆင့်တွေ ပြီးဆုံးသွားချိန်မှာ လီဗာပူးလ်အသင်းက ထိပ်ဆုံးနေရာ ရပ်တည်ခဲ့လို့ သူတို့ရေပန်းအစားဆုံးလို့ ကျနော် ပြောခဲ့ပါတယ်။ အခုသူတို့ ပြိုင်ပွဲကနေ ထွက်ခွာသွားပြီဖြစ်လို့ ရေပန်းအစားဆုံးက ကျနော်တို့ပါ။ ကျနော်တို့ဟာ ပြီးခဲ့တဲ့နှစ်ကနဲ့ မတူညီတဲ့ အသင်းဖြစ်နေပါပြီ။ ကျနော်တို့ဟာ မိသားစုတစ်စုဖြစ်ပြီး ဘယ်ပြိုင်ဘက်ကိုမှ မကြောက်ဘူး”လို့ ပြောခဲ့တာပါ။ 


news-view-count-icon

16