ဂျပန်တွင် ဒုတိယအကြီးဆုံးကားထုတ်လုပ်သူဖြစ်သည့် Honda Motor သည် ၎င်း၏ ဟိုက်ဘရစ်ကားများအတွက် ဘက်ထရီများကို အမေရိကန် ရှိ Toyota Motor ၏ စက်ရုံထံမှ ၀ယ်ယူမည်။ထရမ့်အစိုးရက သွင်းကုန်ခွန်များ ပြဋ္ဌာန်းနေသည်ကို ရှောင်လွှဲနိုင်ရန်အတွက် အမေရိကန်နိုင်ငံထုတ် ဘက်ထရီကို ဝယ်ယူသုံးစွဲမည် ဖြစ်သည်။ဂျပန်တွင် အကြီးဆုံးကားထုတ်လုပ်သူဖြစ်သည့် Toyota Motor မှ အမေရိကန်တွင် ထုတ်လုပ်သည့် ဘက်ထရီများကို ၂၀၂၅ ဘဏ္ဍာနှစ်တွင် ကားအစီးရေ ၄ သိန်းအတွက် ဝယ်ယူမည်။ ၎င်းအရေအတွက်သည် အမေရိကန်တွင် ဟွန်ဒါရောင်းချမည့် ဟိုက်ဘရစ်ကားများအတွက် တနှစ်စာ ဖူလုံသည်။



