နေ့စဉ်ထိတွေ့သုံးစွဲနေရတဲ့ ပစ္စည်းတိုင်းနီးပါးမှာ မိုက်ခရိုပလတ်စတစ်အမှုန်များ ပါဝင်နေပါတယ်။အဆိုပါ အမှုန်တွေက ဆန်စေ့ထက်ပင်သေးငယ်ကာ မျိုးပွားစနစ်၊ အစာခြေစနစ်၊ အသက်ရှူလမ်းကြောင်းစနစ်တို့ကို အန္တရာယ်ဖြစ်စေနိုင်ပြီး အူမကြီးနဲ့ အဆုတ်ကင်ဆာတို့ ဖြစ်စေနိုင်ပါတယ်။သိပ္ပံပညာစာစောင်တစ်ခုမှာ ဖော်ပြချက်အရ ရေသန့်ဗူးသောက်သုံးခြင်းကနေ ရေပိုက်ခေါင်းမှရေကို စစ်ထုတ်အသုံးပြုပြီး ပြောင်းလဲသောက်သုံးပါက တစ်နှစ်ကို မိုက်ခရိုပလတ်စတစ် ဝင်ရောက်မှုနှုန်း ၉ သောင်းကနေ ၄ ထောင်အထိ လျော့ကျနိုင်မယ်လို့ ဖော်ပြထားပါတယ်။



