back

တနင်္သာရီ ငါးလုပ်ငန်း သုတေသန ရန်ပုံငွေဖြင့် ခရုကမာ စမ်းသပ်သားဖောက် မွေးမြူ သုတေသနပြု

Mar 19 • 1:31 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

တနင်္သာရီ ငါးလုပ်ငန်း သုတေသန ရန်ပုံငွေဖြင့် ခရုကမာ စမ်းသပ်သားဖောက် မွေးမြူ သုတေသနပြု

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် မတ် ၁၆ ရက်တွင် မြိတ်တက္ကသိုလ်ရှိ အဏ္ဏဝါသိပ္ပံဌာန၌ တနင်္သာရီ ငါးလုပ်ငန်း သု...

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် မတ် ၁၆ ရက်တွင် မြိတ်တက္ကသိုလ်ရှိ အဏ္ဏဝါသိပ္ပံဌာန၌ တနင်္သာရီ ငါးလုပ်ငန်း သုတေသန ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ခရုကမာ စမ်းသပ်သားဖောက် မွေးမြူခြင်း သုတေသနလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းအပြင် ခရုညို၊ ခရုဖြူ၊ ခရင်းကမာတို့ကို စမ်းသပ်သားဖောက်ခဲ့သော နည်းစနစ်များနှင့် အသားတိုးမွေးမြူသော နည်းစနစ်များကို သုတေသနပြုလုပ်ခဲ့မှု၊ ခရုကမာ မွေးမြူရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့မှု၊ သုတေသနစာတမ်း ပြုစုပြီးစီးမှုနှင့် စားကမာ မွေးမြူထားရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ဒုတိယဝန်ကြီးက မွေးမြူရေး ရေလုပ်ငန်း ထွက်ကုန်ပစ္စည်းများမှ ပြည်တွင်းစားသုံးမှု ဖူလုံစေရေးနှင့် ပို့ကုန်ကဏ္ဍမှ နိုင်ငံခြားငွေ တိုးတက်ရရှိစေရန်၊ ရေနေသတ္တဝါဆိုင်ရာ မျိုးရိုးဗီဇနှင့် သဘာဝ အရင်းအမြစ်များ ထိန်းသိမ်းနိုင်ရေးတို့အတွက် သုတေသနလုပ်ငန်းများဖြင့် အကျိုးပြုနိုင်ရေး တိုးမြှင့်ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် မြိတ်တောင်ကျေးရွာအုပ်စု အင်းလေးမြိုင် စက်မှုဇုန်ရှိ ငါးအမှုန့်ကြိတ်စက်ရုံများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးနှင့် ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။


news-view-count-icon

9