back

နေပြည်တော်တွင် အမျိုးသားပို့ကုန် မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေး ကော်မတီ အစည်းအဝေး ကျင်းပ

Mar 19 • 1:28 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်တွင် အမျိုးသားပို့ကုန် မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေး ကော်မတီ အစည်းအဝေး ကျင်းပ

နေပြည်တော်တွင် မတ်လ ၁၈ ရက်နေ့က အမျိုးသားပို့ကုန် မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေး ကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့သည်။ နိုင်ငံတ...

နေပြည်တော်တွင် မတ်လ ၁၈ ရက်နေ့က အမျိုးသားပို့ကုန် မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေး ကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ ဦးဆောင်ပြီး အစိုးရဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံပြည့်မီရေးနှင့် ပို့ကုန်နှစ်ဆတိုးမြှင့်ရေးအတွက် ဆောင်ရွက်ရန်ကျန်ရှိသော လုပ်ငန်းစီမံချက်များ၊ ကဏ္ဍအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။ ၂၀၂၆-၂၀၃၀ အမျိုးသားပို့ကုန်မဟာဗျူဟာ ရေးဆွဲရာတွင် အထောက်အကူဖြစ်စေမည့် အချက်များကိုလည်း ဆွေးနွေးခဲ့ကြသည်။


news-view-count-icon

10