back

ရန်ကုန်၊သာကေတမှာ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို လူတစ်စုက ကားပေါ်တင်၍ ဖမ်းဆီးခေါ်ဆောင်သွားခံရ

Mar 18 • 6:48 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရန်ကုန်၊သာကေတမှာ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို လူတစ်စုက ကားပေါ်တင်၍ ဖမ်းဆီးခေါ်ဆောင်သွားခံရ

မတ်လ ၁၈ ရက်၊ နံနက်ပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လူ ၄ ဦးက ကားတစ်စီးပေါ်သို့ အတင်းအဓမ္မတင်ဆောင...

မတ်လ ၁၈ ရက်၊ နံနက်ပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လူ ၄ ဦးက ကားတစ်စီးပေါ်သို့ အတင်းအဓမ္မတင်ဆောင်ကာ ဖမ်းဆီးခေါ်ဆောင်သွားသည့်ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။အဆိုပါ ဖမ်းဆီးခံရသူအမျိုးသမီးမှာ သာကေတမြို့နယ်ရှိ အမှတ် (၁) စျေးတွင် ❛လင်းလက်ရွှေစင်❜ အမည်ဖြင့် ရွှေဆိုင်ဖွင့်လှစ်ထားသည့် ဒေါ် စန္ဒာလင်း(ခေါ်) မိထုပ် ဆိုသူဖြစ်သည်ဟု သိရပြီး ယနေ့ နံနက် ၉ နာရီဝန်းကျင်အချိန်က ရွှေဆိုင်ဖွင့်ရန်အတွက် ၎င်းနေအိမ်ရှိရာ ထူပါရုံ (၂၂) လမ်းမှ စျေးသို့အသွား လမ်းထိပ်၌ အသင့်စောင့်ဆိုင်းနေသည့် လူလေးဦးက Alphard အဖြူရောင်ကားပေါ်ဆွဲတင်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပါတယ်။ယင်းအမျိုးသမီးသည် သာကေတမြို့နယ် ထူပါရုံ (၂၂) လမ်းရှိ နေအိမ်တွင် တစ်ဦးတည်းနေထိုင်သူလည်းဖြစ်ပါတယ်။


news-view-count-icon

30