back

ပဲခူးမြို့၌ မျက်စိအခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးမှုအား တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှ ပါဝင်ဆောင်ရွက်ခဲ့

Mar 18 • 6:45 AM

breaking-news

မြန်မာ

ပဲခူး

breaking-news
cover

ပဲခူးမြို့၌ မျက်စိအခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးမှုအား တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှ ပါဝင်ဆောင်ရွက်ခဲ့

ပဲခူးမြို့၊ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံ၌ မျက်စိအခမဲ့စမ်းသပ်ခွဲပေးမှုအား မတ်လ(၁၇)ရက်နေ့မှ(၂၁)ရက်နေ့အထိ ပြုလုပ်ဆောင်ရွက်ပေးလျှက်ရှိရာ ပဲခူးတိုင်းဒေသကြ...

ပဲခူးမြို့၊ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံ၌ မျက်စိအခမဲ့စမ်းသပ်ခွဲပေးမှုအား မတ်လ(၁၇)ရက်နေ့မှ(၂၁)ရက်နေ့အထိ ပြုလုပ်ဆောင်ရွက်ပေးလျှက်ရှိရာ ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ မျက်စိအခမဲ့စမ်းသပ်ခွဲစိတ်မှုပြုလုပ်ပေးရာတွင် ပဲခူးခရိုင်နှင့်ညောင်လေးပင်ခရိုင်အတွင်းရှိ မျက်စိကျန်းမာရေးစောင့်ရှောက်ပေးရန်လိုအပ်သောလူနာ(၈၅၀)ဦးကျော်အား လွန်ခဲ့သော(၂)ပတ်ခန့်မှစတင်၍ကြိုတင်စမ်းသပ်စစ်ဆေးခဲ့ပြီး ၎င်းတို့အနက်မှ မျက်စိခွဲကုသရန်လိုအပ်သောလူနာ(၂၅၀)ဦးအား တစ်နေ့လျှင်လူနာ(၅၀)ဦးနှုန်းဖြင့် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မျက်စိအထူးကုဆရာဝန်ကြီး၊ ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီး၊ တောင်ငူမြို့ ခုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးနှင့် ပြည်မြို့ ခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးများက ခွဲစိတ်ကုသမှုများပြုလုပ်ပေးမှုသများကူညီဆောင်ရွက်မှုပြုလုပ်ပေးသည့်အပြင် ကြက်ဥနှင့်အာဟာရမုန့်များကိုလည်း လှူဒါန်းပေးကြပါတယ်။

news-view-count-icon

35