back

ရန်ကုန် အင်းစိန် GTI ၌ EV Maintenance သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲ ပြုလုပ်ခဲ့

Mar 18 • 5:57 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရန်ကုန် အင်းစိန် GTI ၌ EV Maintenance သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲ ပြုလုပ်ခဲ့

မတ်လ၁၇ရက်တွင် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီမှမတ်လ၁၇ရက် နံနက်ပိုင်း၌အစိုးရစက်မှုလက်မှုသိပ္ပ...

မတ်လ၁၇ရက်တွင် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီမှမတ်လ၁၇ရက် နံနက်ပိုင်း၌အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၌ ကျင်းပသည့်EV Maintenanceသင်တန်း(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ပါတယ်။ ၂၀၅၀ ပြည့်နှစ်၌ ကာဗွန်ထုတ်လွှတ်မှု ကင်းစင်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိရာ သယ်ယူပို့ဆောင်ရေးတွင် EV များ အသုံးပြုမှုသိသိသာသာ မြင့်တက်လာမှုကိုဆွေးနွေးခဲ့ပါတယ်။ယင်းသင်တန်း သို့ ဌာနဆိုင်ရာများမှ သင်တန်းသား ၁၀ ဦးနှင့် ပြင်ပ EV လုပ်ငန်းများမှ သင်တန်းသား ၁၆ ဦးတို့ တက်ရောက်ကြပြီး သင်တန်းတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ UNR 100 ၊ ဗို့အားမြင့် မောင်းနှင်ခြင်းစနစ်၊ ဘက်ထရီနည်းပညာ၊ ထိန်းချုပ်စနစ်၊ Special Hand Tools ကိုင်တွယ်အသုံးပြုပုံ၊ ပြစ်ချက်ပြဿနာရှာဖွေခြင်းနှင့် စမ်းသပ်ခြင်း၊ Traction Battery ဖြုတ်၊ တပ်ခြင်းနှင့် စမ်းသပ်ခြင်း၊ Electrical Power Train စနစ် ဖြုတ်၊ တပ်ခြင်းနှင့် စမ်းသပ်ခြင်းဆိုင်ရာ လက်တွေ့လုပ်ငန်းများကို အဆင့်မြင့်သင်ထောက်ကူမော်ကျူးများဖြင့် သင်တန်းချိန် နာရီ ၉၀ ကြာလေ့ကျင့်သင်ကြားပေးမည် ဖြစ်ကြောင်း သိရပါတယ်။



news-view-count-icon

29