မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုစင်တာများမှ လွတ်မြောက်လာသည့် အင်ဒိုနီးရှားနိုင်ငံသား ၅၀၀ ကျော်ကို လာမည့်ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှတဆင့် အင်ဒိုနီးရှားသို့ ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံသား ကာကွယ်စောင့်ရှောက်ရေး ဒါရိုက်တာ Mr Judha Nugraha က AFP မီဒီယာကို အင်္ဂါနေ့ (မတ် ၁၈)တွင် ပြောကြားခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံသား ၄၀၀ သည် မတ် ၁၈ ရက်တွင် နေရပ်သို့ပြန်လာမည်ဖြစ်ပြီး ၁၆၁ ဦးဝန်းကျင်သည် မတ် ၁၉ တွင် ပြန်လည်ရောက်ရှိလာမည်ဖြစ်ပါတယ်။မြန်မာမှ ထိုင်းသို့ လွှဲပြောင်းပေးပြီးသည့်အခါ ဘန်ကောက်သို့ ခေါ်ဆောင်လာပြီး လေယာဉ်ခရီးစဉ် ၃ ခုဖြင့် အင်ဒိုနီးရှားသို့ ခေါ်ဆောင်မည်ဖြစ်ပါတယ်။လက်ရှိတွင် အင်ဒိုနီးရှားအာဏာပိုင်များသည် ဖေဖော်ဝါရီလအတွင်းက မြန်မာနိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသား ၁၄၀ ကို ထိုင်းနိုင်ငံမှတစ်ဆင့် ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုစင်တာများမှလွတ်မြောက်လာသူများအား လေယာဉ်ခရီးစဉ် ၃ ခုဖြင့် အင်ဒိုနီးရှားသို့ ပြန်လည်ခေါ်ဆောင်မည်
Mar 18 • 5:55 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 33 | 0 | 0 | 0 |


