back

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ဧရာဝတီမြစ်ဆိပ်ကမ်းရှိကျောင်းသား(၄) ဦးအနက် ကျောင်းသား (၂) ဦးရေနစ်သေဆုံးသွား

Mar 18 • 5:59 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ဧရာဝတီမြစ်ဆိပ်ကမ်းရှိကျောင်းသား(၄) ဦးအနက် ကျောင်းသား (၂) ဦးရေနစ်သေဆုံးသွား

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ကမ်းနားလမ်း၊ ဧရာဝတီမြစ်ဆိပ်ကမ်းရှိ ဆိပ်ခံဘောတံတားအနီးတွင် ရေဆင်းချိုးသည့် ကျောင်းသား(၄) ဦးအနက် ကျောင်...

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ကမ်းနားလမ်း၊ ဧရာဝတီမြစ်ဆိပ်ကမ်းရှိ ဆိပ်ခံဘောတံတားအနီးတွင် ရေဆင်းချိုးသည့် ကျောင်းသား(၄) ဦးအနက် ကျောင်းသား (၂) ဦးရေနစ်သေဆုံးသွားကြောင်း သိရပါတယ်။ မတ်လ ၁၇ ရက် ၄ နာရီ ၃၀ အချိန်တွင် ကျောင်းသား(၂) ဦးရေနစ်ကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ဒေသခံလူမှုကူညီရေးအသင်းများမှ လိုက်လံရှာဖွေရာ ၆ နာရီ ၃ မိနစ်အချိန်တွင် အ-ထ-က (၅) တွင် ကျောင်းတတ်ရောက်သည့် Grade-6 အသက်(၁၄) နှစ်အရွယ် အောင်မြတ်ထူး၏ အလောင်းကိုတွေ့ရှိပြီးနောက် ညနေ ၆ နာရီ ၄၃ အချိန်တွင် အ-ထ-က (၅) တွင် ကျောင်းတတ်ရောက်သည့် Grade-10 ကျောင်းသား အသက် (၁၆) နှစ်အရွယ် အောင်ဝင်း၏ အလောင်းကို တွေ့ရှိခဲ့ရပါတယ်။အဆိုပါရေနစ်သေဆုံးသည့် အလောင်းများကို ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ပါတယ်။


news-view-count-icon

26