စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲများလည်း ကျင်းပတော့မည်ဖြစ်ရာ ရပ်ကွက်နေပြည်သူများအနေဖြင့် မီးသုံးစွဲမှုများကို အသိ၊သတိတို့ဖြင့် ဆောင်ရွက်နိုင်စေရန်နှင့်မီးလောင်မှု၊မီးလန့်မှုများ မဖြစ်ပေါ်စေရေး၊ မီးဘေး ကြိုတင်ကာကွယ်နိုင်စေရန် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူး ပေါင်းအဖွဲ့က ယမန်နေ့ညနေ ၄ နာရီ ခွဲက လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။မော်တော်ယာဥ် မောင်းနှင်နေစဥ် မော်တော်ဆိုင် ကယ် စီးနင်းနေစဥ်နှင့်လမ်းလျှောက်နေစဥ် ဆေး လိပ်သောက်ခြင်းမပြုလုပ်ကြရန်၊ ဆေးလိပ်တိုများကိုစနစ်တကျ စွန့်ပစ်ကြရန်၊ ဆူညံအိတ်ဇောများ တပ်ဆင်အသုံးမပြုကြရန်၊ မီးချိတ်၊မီးကပ်၊ရေ၊သဲများကို စနစ်တကျစီမံဆောင်ရွက်ထားရန် အဆိုပါ လုပ်ငန်းများကို လိုက်လံစစ်ဆေးသွားမည်ဖြစ်ပြီး တွေ့ရှိပါက တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို အသိပေးနိုးဆော်ခဲ့ကြကြောင်း သိရသည်။



