စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဖြင့် ကျေးရွာနှစ်ရွာအား ရေသန့်စက်တပ်ဆင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီးအဆိုပါ ရေသန့်စက်တပ်ဆင်ပြီးစီး၍ စသာကုန်းကျေးရွာ အိမ်ခြေ ၁၀၉ အိမ်၊ လူဦးရေ ၅၉၇ ဦးနှင့် ဘိုကုန်းကျေးရွာ အိမ်ခြေ ၁၅၀ အိမ်၊ လူဦးရေ ၉၄၂ ဦးတို့ သန့်ရှင်းသောသောက်သုံးရေ သုံးစွဲနေကြပြီဖြစ်ကြောင်း သိရသည်။



