စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အသီးအနှံ ပန်းချီပုံတူ အခြေခံရေးဆွဲနည်း ဆန်းစစ်ချက်ဖြေဆိုခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။ထို့နောက် အရာဝတ္ထုပန်းချီပုံတူရေးဆွဲနည်း ပြိုင်ပွဲတွင် မူလတန်းအဆင့် သင်တန်းသား/ သင်တန်းသူ (၁၆၃)ဦး၊ အလယ်တန်းအဆင့် သင်တန်းသား/ သင်တန်းသူ (၁၄၃)ဦး စုစုပေါင်း (၃၀၆)ဦး တက်ရောက်ပြိုင်ပွဲဝင်ခဲ့ကြောင်း သိရသည်။



