back

စစ်ကိုင်းမြို့၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး

Mar 16 • 2:58 PM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းမြို့၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး

၂၀၂၅ခုနှစ်၊မတ်လ(၁၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်း အမှတ်အဖြစ် စစ်ကိုင်းခရိုင်စားသုံးသူရေးရာဦးစီး ဌာနမှ မိတ်ဖတ်ဌာနဆိုင်ရာများနှင့်...

၂၀၂၅ခုနှစ်၊မတ်လ(၁၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်း အမှတ်အဖြစ် စစ်ကိုင်းခရိုင်စားသုံးသူရေးရာဦးစီး ဌာနမှ မိတ်ဖတ်ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်း၍ မတ်လ(၁၅)ရက်၊ နံနက်ပိုင်းက ရတနာပုံတံတားအဆင်း(စစ်ကိုင်း)မြို့အဝင် ခရီးသွားပြည် သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။အဆိုပါလက်ကမ်းစာစောင်တွင် စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူများ၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား၊ စားသုံးသူကာကွယ်ရေးဆိုင်ရာများ၊ ဝန်ဆောင်မှု၊ ကုန်စည်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ တားမြစ်ချက်များ၊ တိုင် ကြားနိုင်သည့် နေရာများနှင့် ဆက်သွယ်ရ မည့် ဖုန်းနံပါတ်များ ပါဝင်ကြောင်း သိရသည်။


news-view-count-icon

12