back

ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးကိုလေးလမ်းသွားအဆင့်မှ ခြောက်လမ်းသွားအဆင့်အထိ တိုးမြှင့်နိုင်ရန်အကြိုလုပ်ငန်းများ ဆောင်ရွက်နေ

Mar 16 • 1:35 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးကိုလေးလမ်းသွားအဆင့်မှ ခြောက်လမ်းသွားအဆင့်အထိ တိုးမြှင့်နိုင်ရန်အကြိုလုပ်ငန်းများ ဆောင်ရွက်နေ

ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၄၅/၇) ရှိ နဝင်းချောင်းတံတား ကို အဆင့်မြှင့်တင်ဖွင့်လှစ်လိုက်သည့်အပြင် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး...

ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၄၅/၇) ရှိ နဝင်းချောင်းတံတား ကို အဆင့်မြှင့်တင်ဖွင့်လှစ်လိုက်သည့်အပြင် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး ရှိ လမ်းအကျယ်ကိုလည်း လေးလမ်းသွားအဆင့်မှ ခြောက်လမ်းသွားအဆင့်အထိ တိုးမြှင့်နိုင်ရန်အကြိုလုပ်ငန်းများ ဆောင်ရွက်နေ ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနမှသိရသည်။ထိုသို့ အဆင့်မြှင့်တင်ရာတွင်နဝင်းချောင်းတံတား ပေ ၁၉၀ အား နှစ်လမ်းသွားတံတားမှ လေးလမ်းသွားတံတားအဖြစ် အဆင့်မြှင့်တင် ကာ ယမာန်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ထို့အပြင် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးသည် အာဆီယံဟိုင်းဝေးလမ်းမကြီး (AH-1) အပိုင်းတွင် ပါဝင်သောကြောင့် ယာဉ်သွားလာမှုများပြားသည့်အတွက် နဝင်းချောင်းတံတားအား လက်ရှိနှစ်လမ်း သွားအဆင့်မှ လေးလမ်းသွားအဆင့်သို့ တိုးချဲ့တည်ဆောက်ပေးသကဲ့သို့ ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး၏ လမ်းအကျယ်ကိုလည်း လေးလမ်းသွားအဆင့်မှ ခြောက်လမ်းသွားအဆင့်အထိ တိုးမြှင့်နိုင်ရန်အတွက် အကြိုလုပ်ငန်းများအနေဖြင့် လမ်းတာပေါင် အကျယ်ပေ ၉၀ ရရှိအောင် တိုးချဲ့ခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် လမ်းဘေး ဝဲ/ယာတွင် သစ်ပင်များ စနစ်တကျ စိုက်ပျိုးခြင်းတို့ကို စီမံချက်ချဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။


news-view-count-icon

25