မြန်မာဖူဆယ်လိဂ်ဝမ်းကလပ် MIU အသင်းသည် ပွဲစဉ်များ အားလုံးကစားအပြီးမှာ ရမှတ် ( ၅၂ ) ရရှိကာ ရှုံးပွဲမရှိစံချိန်ဖြင့် ဖူဆယ်လိဂ်ချန်ပီယံဆုဖလားကို သိမ်းပိုက်နိုင်ခဲ့ပါသည်။ထိုင်းလူမျိုးနည်းပြ ဦးဆောင်လာတဲ့ MIU အသင်းသည် ပွဲစဥ်ပေါင်း ( ၁၈ ) ပွဲကစားခဲ့ပြီး ( ၁၇ ) ပွဲနိုင် ( ၁ ) ပွဲသရေ ရဂိုး ( ၈၀ ) ၊ ပေးဂိုး ( ၁၉ ) ဂိုးဖြင့် ၎င်းတို့အသင်း၏ မှတ်တမ်းသစ် တစ်ခုကို ရယူနိုင်ခဲ့တာပဲ ဖြစ်ပါသည်။



