တောင်ကြီးမြို့တွင် လိုင်စင်မဲ့ကားများကို ရပ်ကွက်ထဲရှိနေအိမ်အထိ လိုက်လံရှာဖွေပြီး ဖမ်းဆီးမှု ငွေညစ်မှု ပြုလုပ်နေကြောင်း မတ်လ ၁၆ ရက်နေ့တွင် ဒေသခံများထံမှသိရသည်။ရပ်ကွက်များအထိ လိုက်လံ စစ်ဆေးသည့် အပြင် စူဠာမူနိအဆင်း ၊အနောက်မြို့ပတ်လမ်း၊ မိန်းလမ်း ၊ အိုးရှင်းအနောက်ဖက် ၊တန်ဆောင်တိုင်ကွင်းအနီး၊မြကန်သာအဝိုင်းပတ်နှင့် မြို့ဝင်မြို့ထွက်ဂိတ် စသည့် နေရာများတွင်လည်း လိုင်စင်မဲ့ကားအပြင် ဆိုင်ကယ်များပါ ဖမ်းဆီးမှု ပြုလုပ်နေကြောင်း သိရသည်။



