မြောင်းမြမြို့၌ ပြည်တွင်းထုတ် Ron 68 ဓာတ်ဆီကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုကို ဧရာဝတီတိုင်းဒေသကြီး ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ ဧရာဝတီတိုင်းအတွင်း လိုင်စင်ရစက်သုံးဆီဆိုင် ၂၄၀ ရှိသည့်အနက် ၂၁ ဆိုင်တွင် ရောင်းချလျက်ရှိကာ မြောင်းမြမြို့တွင် နှစ်ဆိုင်ရှိကြောင်း၊ ပြည်တွင်းထုတ် Ron 68 ဓာတ်ဆီကို ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ အင်ဂျင်ပါဝါနည်းသော Hijet ကားနှင့် ပဲ့ထောင်စက်လှေများတွင် ကောင်းစွာအသုံးပြုနိုင်ကြောင်း သိရသည်။



