back

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင်ကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၀ ဒသမ ၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြားဖမ်းမိခဲ့

Mar 16 • 2:42 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင်ကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၀ ဒသမ ၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြားဖမ်းမိခဲ့

မတ်လ ၉ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်တွင်မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၀ ဒသမ ၈ ကီလိုနှင့် စိတ်ကြွရူးသွ...

မတ်လ ၉ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်တွင်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၀ ဒသမ ၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၅၄ သိန်း ဖမ်းဆီးရမိခဲ့ပါတယ်။မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဟန်ဝင်းအောင် မောင်းနှင်ပြီး နိုင်မင်းထက်နှင့် စိုးမိုးအောင်တို့ လိုက်ပါလာသည့် NISSAN CONDOR ၆ ဘီးမော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်တွင် ဂျပ်စက္ကူအဟောင်းများ၊ ရေသန့်ဘူးခွံများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ ပလတ်စတစ်ဆပ်ပြာခွက် ၃,၀၈၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၃၀ ဒသမ ၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၅၄ သိန်း သိမ်းဆည်းရမိခဲ့ပါတယ်။တရားခံများကို စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်သူများဖြစ်ကြသည့် တင်ဝင်းအား ပြည်ကြီးတံခွန်မြို့နယ်၊ (ည) ရပ်ကွက်၊ ၁၃၉ (B) လမ်း၊ ၆၂ x ၆၃ လမ်းကြားတွင်လည်းကောင်း၊ မသီရိဒုံနှင့် မဝါဝါစိုးတို့အား မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပါတယ် ။



news-view-count-icon

23