back

တာချီလိတ်မြို့နယ် နမ့်ပိန်းရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီး

Mar 16 • 2:12 AM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်မြို့နယ် နမ့်ပိန်းရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နမ့်ပိန်းရွာ၌ လယ်ယာမြေဧကများမှ ထွက်ရှိသည့် စိုက်ပျိုးသီးနှံများ ဈေးကွက်အ...

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နမ့်ပိန်းရွာ၌ လယ်ယာမြေဧကများမှ ထွက်ရှိသည့် စိုက်ပျိုးသီးနှံများ ဈေးကွက်အတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် သယ်ယူပို့ဆောင်နိုင်ရန် နမ့်ပိန်းရွာ၌ ကျေးလက်ကုန်ထုတ်လမ်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။ အဆိုပါလုပ်ငန်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ် ၇၀ ဒသမ ၂၄၁ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီက ၂၀၂၄ ခုနှစ် ဇွန်လမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။ နမ့်ပိန်းကျေးရွာတွင် အရှည် ၁ မိုင် ၄ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ဒု ကိုးလက်မရှိ ကျေးလက်ကုန်ထုတ်လမ်းနှင့် ဆက်စပ်လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး၊ တာချီလိတ်ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ မတ် ၁၅ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


news-view-count-icon

12