back

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် ကန့်ဘလာကျေးရွာ၌ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

Mar 16 • 2:04 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် ကန့်ဘလာကျေးရွာ၌ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ကန့်ဘလာကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကန့်ဘလာကျေးရွာရှိ ကျေးလက်နေပြည်သူများ နွေရာသီရေရှားပါးသည့် ပ...

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ကန့်ဘလာကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကန့်ဘလာကျေးရွာရှိ ကျေးလက်နေပြည်သူများ နွေရာသီရေရှားပါးသည့် ပြဿနာများ ပြေလည်ပြီး သန့်ရှင်းသော သောက်သုံးရေများ ရာသီမရွေး ဖူလုံစွာရရှိစေရန် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။ အဆိုပါလုပ်ငန်းများကို တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် ၄၈၄ သိန်း အကုန်အကျခံကာ တင်ဒါအောင်မြင်သည့် ကုမ္ပဏီက ၂၀၂၄ ခုနှစ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။ ကန့်ဘလာကျေးရွာတွင် ရေနှင့် တိရစ္ဆာန်များ ဝင်ရောက်မှုမရှိစေရန် ခြံစည်းရိုးကာရံခြင်း၊ အရှည် ပေ ၅၇၀၀ ရှိ အိမ်သွယ်ရေပိုက်လိုင်းသွယ်တန်းခြင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း၊ မော်တာပန့်တပ်ဆင်ခြင်း၊ အမြင့်တင်ရေစင်တည်ဆောက်ခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သော သောက်သုံးရေရရှိစေရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများက မတ် ၁၅ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


news-view-count-icon

17