back

ပုသိမ်တွင် စွန့်ပစ်စက္ကူများ အသုံးပြုသည့် လက်မှုထည်သင်တန်းဖွင့်

Mar 16 • 2:07 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ပုသိမ်တွင် စွန့်ပစ်စက္ကူများ အသုံးပြုသည့် လက်မှုထည်သင်တန်းဖွင့်

ပုသိမ်မြို့၌ စွန့်ပစ်စက္ကူများကို အသုံးပြု၍ လက်မှုထည်ပစ္စည်းပြုလုပ်ခြင်းနည်းပညာသင်တန်းကို မတ် ၁၅ ရက်မှ ၂၉ ရက်အထိ ၁၅ ရက်ကြာ သင်ကြားမည်ဖြစ်သည်။ ဧရာဝတီတိုင်း အသေးစ...

ပုသိမ်မြို့၌ စွန့်ပစ်စက္ကူများကို အသုံးပြု၍ လက်မှုထည်ပစ္စည်းပြုလုပ်ခြင်းနည်းပညာသင်တန်းကို မတ် ၁၅ ရက်မှ ၂၉ ရက်အထိ ၁၅ ရက်ကြာ သင်ကြားမည်ဖြစ်သည်။ ဧရာဝတီတိုင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သော သင်တန်းတွင် သင်တန်းသား ၂၀ ဦး ပါဝင်သင်ကြားမည်ဖြစ်ပြီး၊ စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးချနိုင်စေရန်၊ စီးပွားရေးအခွင့်အလမ်းအသစ်များ ဖန်တီးနိုင်ရန်နှင့် မြန်မာ့လက်မှုပညာ တိုးတက်အောင်မြင်စေရန် ရည်ရွယ်သင်ကြားခြင်းဖြစ်သည်။


news-view-count-icon

14