တောင်ကြီးမြို့၌ မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့လှုပ်ရှားမှု အခမ်းအနားကို မတ် ၁၅ ရက်တွင် ကျင်းပခဲ့ပြီး၊ ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် တင်သွင်းရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ် လူမှုရေးဝန်ကြီးက ပြောကြားခဲ့သည်။ အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများက သနပ်ခါးနှင့်ပတ်သက်သည့် တေးသီချင်းများ သရုပ်ဖော်တင်ဆက်ခဲ့ကြပြီး၊ တက်ရောက်သူများအား သနပ်ခါးလိမ်းခြယ်ပေးခြင်းအစီအစဉ်များ ပြုလုပ်ခဲ့ကြောင်း သိရသည်။



