back

မြန်မာနိုင်ငံ၏ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှု တိုက်ဖျက်ရေး ဆောင်ရွက်မှု

Mar 16 • 1:51 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံ၏ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှု တိုက်ဖျက်ရေး ဆောင်ရွက်မှု

မြန်မာနိုင်ငံအစိုးရသည် တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုများကို နိုင်ငံတကာနှင့်ပူးပေါင်းပြီး ပြင်းပြင်းထန်ထန် တိုက်ဖျက်ဆောင်ရွက်လျက်ရှိသည်။ နယ...

မြန်မာနိုင်ငံအစိုးရသည် တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုများကို နိုင်ငံတကာနှင့်ပူးပေါင်းပြီး ပြင်းပြင်းထန်ထန် တိုက်ဖျက်ဆောင်ရွက်လျက်ရှိသည်။ နယ်စပ်ဒေသများတွင် အထူးသဖြင့် မြဝတီ၊ မင်းလက်ပံနှင့် KK Park နယ်မြေများတွင် တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးထိန်းသိမ်းပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ မတ်အထိ ၆၀၁၅ ဦးအားဖမ်းဆီးနိုင်ခဲ့ပြီး ၃၂၁၃ ဦးကို ထိုင်းမှတဆင့် ပြည်နှင်ခဲ့သည်။ မြန်မာအစိုးရသည် ဒုစရိုက်ဂိုဏ်းများနှင့် တိုက်ရိုက်ပတ်သက်သူများကို ဆက်လက်ဖော်ထုတ်အရေးယူပြီး အွန်လိုင်းလိမ်လည်မှုများကို အပြီးတိုင်တားဆီးဖျက်ဆီးနိုင်ရေး တိုင်းရင်းသားလုံခြုံရေးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။


news-view-count-icon

24