မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက်တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ မတ် ၁၂ ရက်က မပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျေးရွာရှိ အိမ်ခြေ ၃၆၀ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကာ ဘုန်းတော်ကြီးကျောင်း သုံးကျောင်း၌ ယာယီမီးဘေးရှောင်စခန်း ဖွင့်လှစ်ပြီး ထောက်ပံ့ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



