ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ မင်္ဂလာရာမပါဠိတက္ကသိုလ်ကျောင်းတိုက်၌ မတ် ၁၅ ရက်တွင် နိုင်ငံတော်မှ ချီးမြှင့်သည့် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ မြစ်ကြီးနားမြို့ ခေမာသီဝံပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ပုသိမ်မြို့ ပစ္ဆိမာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တခေမိန္ဒ၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဗိုလ်တထောင်မြို့နယ် မင်္ဂလာရာမပါဠိတက္ကသိုလ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာသာရာဘိဝံသတို့အား ဂုဏဝိသိဋ္ဌပူဇော်ပွဲအခမ်းအနားကျင်းပကာ ရန်ကုန်ရောက် ရမ်းဗြဲမြို့နယ်ဖွားများ စုပေါင်း၍ကျင်းပခဲ့ခြင်းဖြစ်ပြီး သမ္မတနိဗ္ဗာန်ကုန်နှင့် သင်္ကန်းတိုက်မိသားစုနှင့် ရမ်းဗြဲမြို့နယ်အသင်းတို့က လှူဖွယ်ပစ္စည်းများနှင့် လှူဒါန်းငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။



