back

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲတီစိမ်း ၁၃၅၅၈ ဧက စိုက်ပျိုးပြီး ၁၆၅၂၄၇ တင်းထွက်ရှိ

Mar 16 • 1:40 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲတီစိမ်း ၁၃၅၅၈ ဧက စိုက်ပျိုးပြီး ၁၆၅၂၄၇ တင်းထွက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် နွေ၊ မိုး၊ ဆောင်းရာသီအလိုက် ပဲတီစိမ်းသီးနှံ ၁၃၅၅၈ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အထွက်နှုန်းအနေဖြင့် ၁၆...

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် နွေ၊ မိုး၊ ဆောင်းရာသီအလိုက် ပဲတီစိမ်းသီးနှံ ၁၃၅၅၈ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အထွက်နှုန်းအနေဖြင့် ၁၆၅၂၄၇ တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးကြို/နွေရာသီ၌ ပဲတီစိမ်း ၅၇၆၁ ဧက၊ မိုးရာသီ၌ ၅၃၁၇ ဧက၊ ဆောင်းရာသီ၌ ၂၄၈၀ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ရေဆင်း-၁၊ ရေဆင်း-၉၊ ရေဆင်း-၁၁၊ ရေဆင်း-၁၄ မျိုးများရွေးချယ်ကာ မိုးကြို/နွေရာသီတွင် (ဖေဖော်ဝါရီလလယ်မှမတ်လလယ်အထိ)၊ မိုးရာသီတွင် (မေလလယ်မှဩဂုတ်လလယ်အထိ)၊ မိုးနှောင်းရာသီတွင် (နိုဝင်ဘာလ)၌ စိုက်ပျိုးကြောင်း သိရသည်။


news-view-count-icon

17