back

မြန်မာ့ဆန်အရည်အသွေးမြှင့်တင်ရေးနှင့် တင်ပို့မှု တိုးမြှင့်

Mar 16 • 1:39 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာ့ဆန်အရည်အသွေးမြှင့်တင်ရေးနှင့် တင်ပို့မှု တိုးမြှင့်

မြန်မာနိုင်ငံသည် ၁၉၃၀ ခုနှစ်ဝန်းကျင်တွင် ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့နိုင်သည့်နိုင်ငံဖြစ်ခဲ့သော်လည်း၊ နှစ်ပေါင်းများစွာအတွင်း ထုတ်လုပ်မှုနှင့် တင်ပို့မှု ကျဆင်းခဲ...

မြန်မာနိုင်ငံသည် ၁၉၃၀ ခုနှစ်ဝန်းကျင်တွင် ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့နိုင်သည့်နိုင်ငံဖြစ်ခဲ့သော်လည်း၊ နှစ်ပေါင်းများစွာအတွင်း ထုတ်လုပ်မှုနှင့် တင်ပို့မှု ကျဆင်းခဲ့သည်။ လက်ရှိတွင် နှစ်စဉ် မိုးစပါး ၁၅ သန်းဧက၊ နွေစပါး ၂ သန်းဧက စိုက်ပျိုးပြီး ထုတ်လုပ်မှု၏ ၂၀% ခန့်ကိုသာ ပြည်ပသို့တင်ပို့နိုင်သည်။ မြန်မာ့ဆန်ကို ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန်အတွက် မျိုးသန့်စိုက်ပျိုးခြင်း၊ ခေတ်မီကြိတ်စက်များအသုံးပြုခြင်း၊ Eating Quality မြှင့်တင်ခြင်း စသည့် အချက်များကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပြီး၊ ပေါ်ဆန်းမွှေးဆန်ကို နိုင်ငံတကာ ဈေးကွက်တွင် နာမည်ကြီးလာစေရန် ကြိုးပမ်းနေသည်။


news-view-count-icon

18