back

နယ်စပ်မှတရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၆၁ ဦး ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်း

Mar 16 • 1:38 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

နယ်စပ်မှတရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၆၁ ဦး ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်း

မတ် ၁၅ ရက်တွင် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၁၅၈ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ၃ ဦးကို ထပ်မံထိန်းသိမ်းခဲ့ကြေ...

မတ် ၁၅ ရက်တွင် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၁၅၈ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ၃ ဦးကို ထပ်မံထိန်းသိမ်းခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ မတ် ၁၅ ရက်အထိ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၆၄၃၆ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းခဲ့ပြီး ၎င်းတို့အနက် ၃၅၈၈ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ကျန် ၂၈၄၈ ဦးကိုလည်း လွှဲပြောင်းပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုနှင့် လိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကို အမျိုးသားရေးအသွင်ဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ထိရောက်စွာ တိုက်ဖျက်နှိမ်နင်းသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများ၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် လွှဲပြောင်းရေးလုပ်ငန်းစဉ်များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။



news-view-count-icon

15