မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ထန်းသုံးပင်ကျေးရွာ၌ မတ် ၁၅ ရက်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပကာ၊ ကျေးရွာနေပြည်သူများသန့်ရှင်းသောသဘာဝပတ်ဝန်းကျင်နှင့် ကောင်းမွန်သောလူနေမှုစနစ်များရရှိစေရန်၊ ကျေးရွာအတွင်းအမှိုက်ကန်များဆောင်ရွက်ထားရှိပြီး အမှိုက်များစနစ်တကျစွန့်ပစ်ရေး၊ ကျေးရွာဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများစုပေါင်းဆောင်ရွက်ရေး၊ သစ်တောသစ်ပင်များကာကွယ်ထိန်းသိမ်းရေး၊ စသည့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသိကောင်းစရာများကိုဆွေးနွေးဟောပြောခဲ့ပြီး၊ တက်ရောက်လာသည့်ကျေးရွာရပ်မိရပ်ဖများနှင့် ကျေးရွာသူကျေးရွာသားများက မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာမေးခွန်းများကိုမေးမြန်းကာ တာဝန်ရှိသူများကပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး၊ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်းဖြန့်ဝေခဲ့ကြောင်းသိရသည်။



