ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီက ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို မတ် ၁၄ ရက်က မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့ပြီး၊ သင်တန်းသား ၅၀ တက်ရောက်ကာ အေရိုးဗစ်၊ ဘောလုံးနှင့် ဝူရှူးအားကစားနည်းများကို ရက်သတ္တနှစ်ပတ်ကြာ သင်ကြားခဲ့ကြောင်း သိရသည်။ သင်တန်းဆင်းပွဲတွင် အေရိုးဗစ်နှင့် ဝူရှူးသင်တန်းသားများက သရုပ်ပြသခဲ့ပြီး အားကစားနည်းသင်တန်းအလိုက် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။



