back

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘေးမဲ့တောဥယျာဉ်၌ ဌာနေဖွားဒေသရင်းမျိုးစိတ်ရွှေသမင် ၆၂ ကောင်ထိန်းသိမ်းစောင့်ရှောက်ထား

Mar 16 • 1:32 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘေးမဲ့တောဥယျာဉ်၌ ဌာနေဖွားဒေသရင်းမျိုးစိတ်ရွှေသမင် ၆၂ ကောင်ထိန်းသိမ်းစောင့်ရှောက်ထား

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောဥယျာဉ်၌ ဌာနေဖွားဒေသရင်းမျိုးစိတ်ရှားပါးစာရင်းဝင် မြန်မာ့ရွှေသမင် ၆၂ ကောင်ကို ထ...

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောဥယျာဉ်၌ ဌာနေဖွားဒေသရင်းမျိုးစိတ်ရှားပါးစာရင်းဝင် မြန်မာ့ရွှေသမင် ၆၂ ကောင်ကို ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းသိရသည်။ ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောဥယျာဉ်သည် မြန်မာနိုင်ငံအလယ်ပိုင်းမင်းဘူး(စကု)မြို့နယ်၌ တည်ရှိပြီး ဧရိယာစတုရန်းမိုင် ၂၁၃.၄ မိုင်ကျယ်ဝန်းကာ အပူပိုင်းခြောက်သွေ့သောသန်းဒဟတ်တောများကိုလည်းကောင်း၊ မုန်းချောင်းနှင့်မန်းချောင်းရေဝေကုန်းတန်းများကိုလည်းကောင်းကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် ၁၉၄၀ ပြည့်နှစ်တွင်စတင်တည်ထောင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် နေပြည်တော်ဆာဖာရီဥယျာဉ်နှင့်ပုဂံလောကနန္ဒာဥယျာဉ်များမှ ရွှေသမင်အထီးငါးကောင်၊အမခုနစ်ကောင်ဖြင့်မွေးမြူထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် အထီး ၁၈ ကောင်၊ အမ ၃၅ ကောင် စုစုပေါင်းရွှေသမင် ၅၃ ကောင်ရှိကာ ယခုလက်ရှိ ရွှေသမင်သားကိုးကောင်ပေါက်ဖွားလာရာ စုစုပေါင်း ၆၂ ကောင်အား အစာရေစာများတိုက်ကျွေးသည့်အပြင် ဖြည့်စွက်စာများကိုပါ ဝယ်ယူကျွေးမွေး၍ အနီးကပ်ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းသိရသည်။ " ကြယ်လိပ်တို့၊ ရွှေသမင်တို့ဆိုတာ ကမ္ဘာ့ရှားပါးမျိုးစိတ်စာရင်းဝင်တွေပါ။ မြန်မာတစ်နိုင်ငံတည်းမှာသာရှိတဲ့ဌာနေဖွားဒေသရင်းမျိုးစိတ်တွေဖြစ်ပြီး အလွန်မတန်မှရှားပါးတဲ့အတွက် မျိုးသုဉ်းမျိုးဆက်မပြတ်စေရေး၊ ရွှေသမင်သားပေါက်တွေတိုးပွားလာစေရေးအတွက် ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်ထားရပါတယ်။


news-view-count-icon

14