back

ပြည်တွင်းတရားမဝင် သစ် မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ကျောက်စိမ်းများနှင့် တရားမဝင် ကုန်ပစ္စည်းတင်ယာဉ်များ သိမ်းဆည်း

Mar 16 • 1:41 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းတရားမဝင် သစ် မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ကျောက်စိမ်းများနှင့် တရားမဝင် ကုန်ပစ္စည်းတင်ယာဉ်များ သိမ်းဆည်း

မတ် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့၌ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ရာ...

မတ် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့၌ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ရာ တရားမဝင်သစ်၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ကျောက်စိမ်းများနှင့် တရားမဝင်ကုန်ပစ္စည်းတင်ယာဉ်များ အပါအဝင် စုစုပေါင်း အမှုတွဲ ၅၁ မှု၊ ခန့်မှန်းတန်ဖိုးငွေ ၁,၉၇၄,၂၈၃,၁၈၄ ကျပ်ဖိုးကို သိမ်းဆည်းရမိခဲ့ပြီး၊ အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

18