ဖားကန့်မြို့ ဓာတ်အားရေရှည် ပိုမိုရရှိရေးသည် ဓာတ်အားဆက်သွယ်ရယူသုံးစွဲကြသော မီးသုံးသူ ပြည်သူများပေါ် မှီတည်လျက်ရှိရာ မိမိအသုံးပြုခဲ့သောဓာတ်အားခများ တာဝန်သိတတ်စွာပေးဆောင်ကြခြင်းဖြင့် တစ်မြို့လုံး လျှပ်စစ်မီး ပိုမိုရရှိရန် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။၆၆ကေဗွီ ဓာတ်အားလိုင်း အပြစ်ဖြစ်ပေါ်ခဲ့သည့်အချိန်များတွင် တစ်မြို့လုံး ဓာတ်အားပြတ်တောက်ပါမည်ဖြစ်သည်။



